Get a free hosting or choose from the Best Web Hosting service


About MADB

၁၉၅၃ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို တည်ထောင်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်သူ့ဘဏ်၏ စိုက်ပျိုးရေးချေးငွေဌာနအဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်ဥပဒေအရ ၁-၄-၁၉၇၆ မှစတင်၍ မြန်မာ့စိုက်ပျိုးရေးဘဏ်အဖြစ် လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် မြန်မာ့စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဘဏ် ဟုလည်းကောင်း၊ အဆင့်ဆင့် ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ၁၉၉၆ခုနှစ်၊ သြဂုတ် (၁၄)ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းရောက်ရှိခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ (၃၀)ရက် နေ့စွဲပါ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ကို ပြင်ဆင်သည့် ဥပဒေအရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ ပါသည်။

 

ချေးငွေအမျိုးအစား
နှစ်စဉ်ချေးငွေ နှစ်တိုချေးငွေ၊ နှစ်ရှည်ချေးငွေ

အတိုးနှုန်း

ချေးငွေပေါ်တွင်တစ်နှစ်လျှင် ၈.၅% ယူ၍ထုတ်ချေးပါသည်။

စုဆောင်းငွေပေါ်တွင်တစ်နှစ်လျှင်၈% အတိုးပေးပါသည်။

News & Features

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းချေးငွေများ

ချေးငွေအမျိုးအစား ကျပ်သန်း ချေးငွေကာလ
၂၀၁၁-မိုးချေးငွေ  ၃၁၂၁၁၂.၆၈ သန်း         ဧပြီလမှ သြဂုတ်လအထိ
၂၀၁၁-ဆောင်းချေးငွေ ၃၉၄၉၅.၉၅ သန်း  စက်တင်ဘာလမှ ဒီဇင်ဘာလအထိ
၂၀၁၂-မိုးကြိုချေးငွေ    ၁၁၁၃.၁၂ သန်း    ဇန်နဝါရီလမှ ဖေဖေါ်ဝါရီလအထိ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)

အမှတ်-၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

Phone : 253180, 391232

Fax : 391002, 391342

madb@mptmail.net.mm

daak@mptmail.net.mm